ယူကရိန်းနဲ့အမေရိကန် သတ္တုတွင်းထွက် သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

ထရမ့်ရဲ့အခုလို ပြောကြားလာတာနဲ့ပတ်သက်လို့ ယူကရိန်းမှာရှိတဲ့ များပြားလှတဲ့ သတ္တုတွင်းထွက် အရင်းအမြစ် တွေကို အမေရိကန်က ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတာဟာ သိသာထင်ရှားတယ်လို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ် ထားကြပါတယ်။ ယူကရိန်းနဲ့ သတ္တုတွင်းထွက် သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် အသေးစိတ် စေ့စပ်ညှိနှိုင်းတာတွေ ဆောင်ရွက်နေတယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းက သတ္တုတွင်းထွက်တွေ ရယူရေးအတွက် လွှတ်တော်မှာ အရင်ကတည်းက အဆိုပြု တင်သွင်းထားတာတွေ ရှိနေပြီး ယူကရိန်းမှာ အဓိကထွက်ရှိတဲ့ ဂရက်ဖိုက်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နဲ့ လီသီယမ်တို့ကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းသမ္မတက ငြင်းပယ်ထားတာကြောင့် လက်ရှိမှာ ယူကရိန်းနဲ့ အမေရိကန်တို့ကြား သတ္တုတွင်းထွက် သဘောတူညီချက်ရယူရေး အမြန်ဆုံး ဆောင်ရွက် သွားမှာဖြစ်ကြောင်း ထရမ့်က ပြောကြားလာတာဖြစ်ပါတယ်။