မွန်တီနီဂရိုးနိုင်ငံ မြို့တော် ပေါ့တ်ဂိုရီကာမှာ အပူလှိုင်းဖြတ်သန်းနေရာ ဗုဒ္ဓဟူးနေ့က နေ့အပူချိန် (၄၁) ဒီဂရီ စင်တီ ဂရိတ်အထိ ရောက်ရှိခဲ့ပါတယ်။
ဒီအတွက် မြို့တော်နေပြည်သူတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ အပူဒဏ် သက်သာလျော့နည်းအောင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေမှာ သွားရောက် ရေဆော့ကစားကြပါတယ်။

အပူလှိုင်း ဖြတ်သန်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဘောလ်ကန်ဒေသတွင်း နိုင်ငံတွေက ခရီးသွား အများအပြားဟာလည်း မွန်တီနီဂရိုးနိုင်ငံ ဆူတိုမိုးရ်ကမ်းခြေမြို့မှာ လာရောက် အပူရှောင်ကြပါတယ်။
ဘောလ်ကန်ဒေသတစ်ခွင်မှာ အပူလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဘဲလ်ဂရိတ်မြို့တော်၊ စကိုပီယာမြို့တော်နဲ့ အေသင်မြို့ တွေမှာ နေ့အပူချိန် (၄၀)ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။