ရုရှားဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားပိုင်ဆိုင်မှုကို လက်ခံပေးဖို့ နီးစပ်လာပြီလို့ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က သတိပေးပြောကြားပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုနီးကပ်လာစေဖို့အတွက် ရုရှားဟာ မြောက်ရီးယားရဲ့ နျူကလီးယားပိုင်ဆိုင်မှုကို လက်ခံပေးဖို့ နီးစပ်လာတာလို့ သူက ပြောပါတယ်။မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်တွေ ရှိနေတာကကာကွယ်ရေးလိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ နားလည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြောခဲ့ပါတယ်။

ဒီ့အတွက် ရုရှားဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ရေးကို သဘောတူခဲ့ပေမယ့် လက်ရှိမှာတော့ ဒါကို ပြောင်းလဲဖို့ လုပ်နေပြီလို့ အမေရိကန်သံအမတ်က ဆိုပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အပေါ်မှာ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့ကလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။