မြောက်ကိုရီးယားနိုင်ငံဘက်ကနေ လွှတ်လိုက်တဲ့ အမှိုက်အညစ်အကြေးပါ မိုးပျံပူဖောင်း ပုံတွေကို တောင်ကိုရီးယား စစ်တပ်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်လာပါတယ်။

မြောက်ကိုရီးယားနိုင်ငံကဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို အမှိုက်သယ် မိုးပျံပူဖောင်းတွေ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လွှတ်တင်ခဲ့တယ်လို့ အဲဒီလုပ်ရပ်ကို အသံချဲ့စက် ဖွင့် ဝါးဖြန့်ချိမှုကို အကြီးအကျယ်လုပ်ပြီး ပြန်တုံ့ပြန်မယ်လို့ ဆိုးလ်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက မြောက်ကိုရီးယားနိုင်ငံဟာ အမှိုက်ထုပ်တွေ ထည့်ထားတဲ့ မိုးပျံပူဖောင်း ထောင်ပေါင်းများစွာကို တောင်ကိုရီးယားနိုင်ငံဘက်ကို လွှတ်တင်မှုတွေ လုပ်နေခဲ့တာပါ။
အဲဒီအတွက် တောင် နဲ့ မြောက် ကိုရီးယား နစ်နိုင်ငံကြားမှာ တင်းမာမှုအသစ်တွေ ပေါ်ပေါက်လာနေပါတယ်။