ရုရှားအနေနဲ့ စစ်မြေပြင်မှာ မြောက်ကိုရီးယားကထုတ်လုပ်တဲ့ကျည်ဆန်တွေအပေါ် မှီခိုအားထားနေရကြောင်း ရိုက်တာသတင်းဌာနက သူတို့ရဲ့ စုံစမ်းတွေ့ရှိရမှုအပေါ် သတင်းရေးသားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်းက ရုရှားတပ်မတချို့ကပစ်ခတ်တဲ့ ကျည်အများစုမှာ မြောက်ကိုရီးယား ကလာတာဖြစ်တယ်လို့ ရိုက်တာရဲ့စစ်တမ်းတွေအရ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်းက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ၊ လက်နက်စနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အားကောင်းလာတာကြောင့် ရုရှားဘက်ကိုပိုတိုးထောက်ပံ့နေတဲ့ စစ်တမ်းတွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေးအကြီးအကဲ အပါအဝင် ယူကရိန်းအရာရှိတွေရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံအတွက်လိုအပ်တဲ့ ခဲယမ်းတစ်ဝက်ကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
ယူကရိန်းစစ်တပ်က ကျွမ်းကျင်သူတစ်ဦးက မြောက်ကိုရီးယား ပံ့ပိုးကူညီမှုက ၇၀ ရာခိုင်နှုန်းအထိ မြင့်မားကြောင်း Reuters သတင်းဌာနက ပြောကြားခဲ့ပြီး တစ်ခါတစ်ရံမှာ ရုရှားအမြောက်တပ်တွေဟာ မြောက်ကိုရီးယားလက်နက်တွေအပေါ် ရာနှုန်းပြည့်နီးပါး မှီခိုနေရတယ်လို့သိရပါတယ်။

မြောက်ကိုးရီးယားနဲ့ ရုရှားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုက ၂၀၂၃ ခုနှစ်မှာ စတင်ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။