ထိုင်း- မြန်မာနယ်စပ် မဲဆောက်ဘက်ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား အယောက် ၃၀ နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၃၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား ကြောင်း Bangkok Post သတင်းမှာ ရေးသားထားပါတယ်။ ဖမ်းမိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ တရားဝင် နိုင်ငံကူးစာအုပ်တွေ ကိုင်ဆောင်ထားတာမတွေ့ရဘဲ တရား မဝင် ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအာရှနိုင်ငံသားတွေကို ဖမ်းဆီးလိုက်တာဟာ ထိုင်းနိုင်ငံဘက်က လုံခြုံရေးမြှင့်တင်အပြီးမှာ ပထမဆုံး အကြိမ် အဖမ်းခံရတာဖြစ်ပါတယ်။ဖမ်းမိတဲ့အင်ဒိုနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ မြဝတီဘက်က တရားမဝင် အွန်လိုင်း Call Center နဲ့ ကာစီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး သူတို့ကတော့ အဲဒီအလုပ်တွေကို ဆက်လက် မလုပ်လို တော့တာကြောင့် အခုလို တရားမဝင် နယ်စပ်လမ်းကနေ ပြန်လာကြတာလို့ ဆိုပါတယ်။

နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကို သံဆူးကြိုးတွေ ကာရံတာအပြင် ကျားဖြန့်ငွေလိမ်ည်ဂိုဏ်းတွေရဲ့ ဖျားယောင်းတာ မခံရအောင် သတိပေးဆိုင်းဘုတ်တွေကိုလည်း နယ်စပ်နေရာအနှံ့မှာ ကြေညာထားပါတယ်။ ဒါ့အပြင် တရားမဝင် နယ်စပ်လမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့တဲ့အတွက် အခုလို အင်ဒိုနီးရှား နိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။