အပူပိုင်းမုန်တိုင်း ဒက်ဘီဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ဘူးလ် ပင်လယ်အော်အနီးမှာ ဒုတိယအကြိမ်အဖြစ် ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်ခဲ့ပါတယ်။
ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၅၀ ရှိခဲ့ပြီး မြောက်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဖလော်ရီပြည်နယ်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ရာ အနည်းဆုံး လူ(၅)ယောက် သေဆုံးခဲ့ပါတယ်။
အခုဒုတိယအကြိမ် တောင်ကာရိုလိုင်းနားကို ဝင်ရောက်ရာမှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ရှိနေပြီး မြောက်ဘက်ကို ရွေ့လျားသွားရာ လမ်းကြောင်း တစ်လျှောက်မှာ ရေကြီးရေလျှံမှု အန္တရာယ်တွေ ကြုံရဖွယ်ရှိနေပါတယ်။