ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နဲ့ စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်ဟာ နိုင်ငံရဲ့ အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် သြဂုတ် ၈ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးကနုတ်ထွက်ကာ နိုင်ငံကထွက်ပြေးသွားပြီး ၃ ရက်အကြာမှာ ယူနွတ်က ကျမ်းကျိန်ခဲ့တာပါ။
အသက် ၈၄ နှစ်အရွယ် ယူနွတ်စ်ရဲ့ အခန်းကဏ္ဍအတွက် ကျောင်းသားတွေက အကြံပြုခဲ့ပြီးနောက် ပဲရစ်မှာ ဆေးကုသမှု ခံယူနေတဲ့ ယူနွတ်ဟာ ကြာသပတေးနေ့ အစောပိုင်းမှာ ဒါကာကို ပြန်လာခဲ့ တာပါ။
ယူနွတ်ကို လေဆိပ်မှာ တပ်မတော်အရာရှိကြီးတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပြီး တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့ လွတ်လပ်မှုကို အကာအကွယ်ပေးရမယ်လို့ ယူနွတ်စ်က ပြောဆိုခဲ့ပါတယ်။
ယူနွတ်ဟာ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ တာဝန်ပေးခံရတဲ့ ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ် ဖြစ်လာမှာပါ။
ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လှုပ်ရှားမှုဟာ ဇူလိုင်လမှာ ပျံ့နှံ့ခဲ့တဲ့ အစိုးရအလုပ်တွေမှာ ခွဲတမ်းချထားမှုကို ဆန့်ကျင်မှုတွေကြောင့် ကြီးထွားလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဝေဖန်မှုတွေ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။