မလေးရှားဝန်ကြီးချုပ်ဟောင်း မူဟီဒင် ယာဆင်ကို သိပ်မကြာသေးခင်က ဒေသန္တရ မဲဆွယ်ပွဲတစ်ခုမှာ ပြောကြား ခဲ့တဲ့ မှတ်ချက်အတွက် ဘုရင်စနစ်ကို ပုန်ကန်မှုနဲ့ မလေးရှား တရားရုံးက အင်္ဂါနေ့မှာ တရားစွဲဆိုမှု စတင်လိုက်ပါတယ်။
အခုနှစ်အစောပိုင်းကလည်း ဝန်ကြီးချုပ်ဟောင်း မူဟီဒင်အပေါ် အာဏာအလွဲသုံးစားမှုနဲ့ စွဲချက်တင် တရား စွဲဆိုမှုတွေကို မလေးရှား အယူခံတရားရုံးက ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစွဲချက်တွေနဲ့ ပတ်သက်ပြီး ယာဆင်က သူ့မှာ အပြစ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။
လက်ရှိ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း ဝန်ကြီးချုပ် မူယီဒင် လက်ထက်အတွင်း အတည်ပြုခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ အစိုးရစီမံကိန်း တွေကို ပြန်လည်သုံးသပ်ဖို့ မနှစ်က ညွှန်ကြားခဲ့ပါတယ်။
ပြန်လည်သုံးသပ်ဖို့ ညွှန်ကြားခဲ့တဲ့ စီမံကိန်းတွေထဲမှာ ကိုဗစ်-၁၉ ကယ်ဆယ်ရေး အစီအစဉ်တွေလည်း ပါဝင်ပြီး အဲဒီစီမံကိန်းတွေကို အတည်ပြုရာမှာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်ခဲ့တယ်ဆိုပြီး ပြန်လည်သုံးသပ်ဖို့ အန်ဝါအီဘရာဟင်က ညွှန်ကြား ခဲ့တာပါ။
အန်ဝါအီဘရာဟင်ဟာ နိုင်ငံရေးအရ လက်စားချေမှုတွေကို ကြိုးကိုင်လုပ်ဆောင်နေတယ်လို့ မူဟီဒင်က စွပ်စွဲလိုက်ပါတယ်။
မူယီဒင်ဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၁၇ လတာကာလကို မလေးရှားဝန်ကြီး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။