ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော် တရုတ်တန်းပရိဝုဏ်က ငါးထပ်လူနေအိမ်နဲ့ စီးပွားရေး အဆောက်အအုံတစ်ခု သြဂုတ် ၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရပ်ရွာတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
မနီလာမြို့တော်၊ ဘင်နွန်ဒိုခရိုင်မှာ မနက် ၇ နာရီခွဲလောက်က မီးလှန့်အချက်ပေးပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ သုံးနာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်းထုတ်ပြန်ခဲ့တာ မရှိပါဘူး။

ဖိလစ်ပိုင်နိုင်ငံဟာ အဆောက်အအုံ တွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေမှာ မီးဘေးလုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ရာမှာ ဟာကွက်တွေရှိတယ်လို့ မှတ်တမ်းဝင်ပါတယ်။
၂၀၂၃ ခုနှစ် မေလက မြို့တော်ရဲ့ သမိုင်းဝင် ဗဟိုစာတိုက် အဆောက်အအုံမှာ ကြီးမားတဲ့ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ သြဂုတ်လတုန်းကလည်း လူနေရပ်ကွက်နဲ့ ကုန်လှောင်ရုံ အဆောက် အအုံ မီးလောင်မှုကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ဒါဗို့စီးတီးတောင်ပိုင်းက ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ call center ဝန်ထမ်း ၃၇ ယောက်နဲ့ လုံခြုံရေးအရာရှိ တစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။