ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ ကမ်းနားမှာ တည်ရှိတဲ့ ပျံကျရပ်ကွက်မှာ ကြီးမားတဲ့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ အနည်းဆုံး အိမ်ထောင်စုပေါင်း(၂၀၀၀) အိမ်ခြေယာမဲ့ ဖြစ်ခဲ့ပါတယ်။ အဲဒီမီးဟာ တနင်္ဂနွေနေ့ မနက် (၈)နာရီ လောက်ကနေ ညနေ (၄)နာရီလောက်ထိ (၈)နာရီကြာ လောင်ကျွမ်းခဲ့တာပါ။
မနီလာ သဘာ၀ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်တဲ့ ဒရုန်းမြင်ကွင်း ဗီဒီယိုမှာ လိမ္မော် ရောင် မီးညွှန့်မီးလျှံတွေ အဲဒီပျံကျရပ်ကွက်မှာ လောင်မြိုက်နေတာကို တွေ့ရပါတယ်။ မနီလာမီးသတ်ဌာနက တော့ အိမ်ခြေပေါင်း (၁၀၀၀) ဝန်းကျင် မီးကြောင့်ပျက်စီးပြီး လူ (၈၀၀၀)လောက် နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနီလာမြို့တော်မှာ အခုလို မီးလောင်မှု တွေဟာ လျှပ်စစ်ဝါယာရှော့ဖြစ်တာ ဒါမှမဟုတ် ဂက်စ်အိုးပေါက်ကွဲတာတွေကနေ ဖြစ်ပွားလေ့ရှိပါ တယ်။ တွန်ဒို ခရိုင်ထဲက အဲဒီရပ်ကွက်ဟာ မနီလာမြို့တော်ထဲက အကြီးဆုံး လူနေထူထပ်တဲ့ ပျံကျရပ်ကွက် ဖြစ်ပြီး လူပေါင်း (၆)သိန်းခွဲလောက် နေထိုင်ကြပါတယ်။