ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီမာရေးက ယူရိုဇုန်ရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့ လာမယ့် ပါလီမန်ရွေးကောက်ပွဲမှာ လက်ယာစွန်းဖြစ်ဖြစ် ဒါမှမဟုတ် လက်ဝဲစွန်းဖြစ်ဖြစ် အနိုင်ရရင် ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဇွန်လ ၁၄ ရက်က သတိပေးခဲ့ပါတယ်။ ဇွန်လ ၃၀ နဲ့ ဇူလိုင် ၇ ရက် မဲပေးပွဲတွေမှာ သမ္မတ အီမန်နျူရယ် မက်ခရွန်းရဲ့ ဗဟိုဝါဒီကိုယ်စားလှယ်လောင်းတွေကို ထောက်ခံဖို့လည်း မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့တဲ့ သီတင်းပတ်ကုန်က ဥရောပပါလီမန် ရွေးကောက်ပွဲမှာ မာရီလီပင်းရဲ့ ယူရိုဇုန်ဆန့်ကျင်တဲ့ လက်ယာစွန်းပါတီ RN က အာဏာရပါတီကို ပြတ်ပြန်သားသား အနိုင်ယူခဲ့ပြီး နောက် ပြင်သစ်စတော့ဈေးကွက် မတည်မငြိမ်ဖြစ်ပြီး နိုင်ငံရေး မရေရာမှုတွေ ဖြစ်ပေါ်နေပါတယ်။

RN ပါတီဟာ လျှပ်စစ်မီတာခနဲ့ သဘာဝဓာတ်ငွေ့အပေါ် တန်ဖိုးမြှင့်ခွန် ဖြတ်တောက်ဖို့ ကတိပြုထားပြီး ပြည်သူ့အသုံးစရိတ် တွေ တိုးပေးမယ်လို့ ပြောဆိုထားပါတယ်။ ကိုယ်ကျိုးစီးပွား အလေးထားပြီး ပြင်သစ်သာပထမ မူဝါဒ ကြေညာ ထားတဲ့ RN ပါတီဟာ မဲအများဆုံးရကာ အစိုးရဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သဘောထား စစ်တမ်းတွေက ဖော်ပြနေပါတယ်။
ပြင်သစ်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ခုန်တက်သွားတဲ့ အပတ်စဉ် အလိုက် အစိုးရကြွေးမြီတွေကို ထိန်းထားဖို့ အဓိကရင်းနှီးမြှုပ်နှံသူတွေက တောင်းဆိုခဲ့ပါတယ်။ RN ပါတီရဲ့ အောင်ပွဲရနိုင်ခြေက ဘဏ်စတော့ဈေးတွေလည်း ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုကို တိုးလာစေတယ် လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။