မက္ကဆီကို အာဏာပိုင်တွေဟာ အနောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ တစ်ပတ်အတွင်း လူသတ်မှု (၂၀)ကျော် စာရင်းသွင်းခဲ့ရတယ်လို့ သိရပါတယ်။
မကြာခဏ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ နယ်မြေအတွင်း ဂိုဏ်းအချင်းချင်း စစ်ပွဲဖြစ်နိုင်ခြေကို စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။
လက်နက်ကိုင်အရပ်သားတွေနဲ့ စစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်မှုအတွင်း လူ ၃ ယောက် သေဆုံးခဲ့ပြီး စစ်သားငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ် လုံခြုံရေးဝန်ကြီးက ပြောပါတယ်။
အစောပိုင်းကလည်း လူသေအလောင်းနှစ်လောင်းကို မြို့ရဲ့တစ်နေရာစီမှာ တွေ့ခဲ့ရပါသေးတယ်။

စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အကြား သတ်ဖြတ်မှု ၁၂ မှု စာရင်းသွင်းပြီး နောက် တစ်ရက်မှာ အနည်းဆုံး ၇ ယောက် ထပ်တိုးခဲ့လို့ သီတင်းပတ်ကုန်မှာ သတ်ဖြတ်မှုအရေအတွက် ၂၀ ကျော်အထိ မှတ်တမ်းဝင်ခဲ့ပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းရှိ ဆိနာလိုအာဟာ တစ်ချိန်က အမေရိကန်မှာ တစ်ကျွန်းကျခံနေရတဲ့ အဲလ်ချာပို ဂွတ်ဇမန်း ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းရဲ့ မွေးရပ်မြေဖြစ်ပါတယ်။
အခြားဝါရင့်ဂိုဏ်းခေါင်းဆောင် အစ္စမေး အဲလ်မာယို ဇမ်ဘာဒါကို ဇူလိုင်လက ဖမ်းဆီးခဲ့ပါတယ်။
ပြည်နယ်မြို့တော် ကူလီအာကန်မှာ ပြန်ပေးဆွဲမှုသတင်း တွေ ရရှိထားလို့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရသလို လုံခြုံရေးအခြေအနေကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနား တွေပါ ဖျက်သိမ်းခဲ့ရပါတယ်။