မက္ကဆီကိုနိုင်ငံရဲ့ မြို့တော်မှာ စက်တင်ဘာ ၈ ရက်က လူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အငြင်းပွား ဖွယ် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
သမ္မတ လိုပက်ဇ် အော်ဘရာ အစိုးရကတော့ တရားသူကြီးတွေကို ပေါ်ပြူ လာ မဲနဲ့ ရွေးကောက်တင်မြှောက်တာနဲ့ မက္ကဆီကိုရဲ့ တရားစီရင်ရေး ကို ပြုပြင်ပြောင်းလဲဖို့ လိုလားနေပါတယ်။
လက်ရှိအာဏာရပါတီ မိုရီနာနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေကို အတည်ပြုဖို့လိုအပ်တဲ့ အထက်လွှတ်တော်ရဲ့ အများစုမဲ သုံးပုံနှစ်ပုံထက် နည်းပါးနေပါတယ်။

ဒါပေမဲ့ အတိုက်အခံဘက်က မဲပေးမယ့်သူတွေ ပျက်ကွက်တာနဲ့ လာမယ့်အပတ် မဲခွဲချိန်မှာ အဆိုအတည်ဖြစ်ဖို့ မျှော်လင့် နေတယ်လို့ သုံးသပ်ကြပါတယ်။ မက္ကဆီကို အတိုက်အခံတွေဟာ လက်ရှိမှာ အားနည်းနေပြီး လူထုထောက်ခံမှု ကျဆင်းသွားတာကို ခုခံနေရပါတယ်။
မက္ကဆီကိုစီးတီးမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ချီတက်ကန့်ကွက်ပွဲတွေမှာ အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ဖို့ ကျောင်းသားတွေနဲ့အတူ တရားရေးဝန်ထမ်းတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။