ဇူလိုင် ၃၁ ရက်က ဘိုလီးဗီးယားနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လောင်စာဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မော်တော်ကားတွေကို တွေ့ရပြီး လောင်စာဆီပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ပိတ်ထားတဲ့ ဓာတ်ဆီ ဆိုင်တွေရဲ့ ဝန်ထမ်းတွေက လောင်စာဆီ ဘယ်အချိန်မှာ ဖြည့်ဆည်းပေးမယ်ဆိုတာ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းတွေက လောင်စာဆီ ပြတ်လပ်မှုကြောင့် အလုပ်မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။
ဘောဂဗေဒပညာရှင် ဂွန်ဇာလို ချာဗက်ဇ်ကတော့ လောင်စာဆီပြတ်လပ်မှုဟာ ဒေါ်လာမရှိတာနဲ့ နိုင်ငံမှာ ပြည်သူ့ဘဏ္ဍာ လိုငွေပြမှုနဲ့ ဆက်စပ်နေတယ်လို့ ရှင်းပြပါတယ်။

ရုရှားနိုင်ငံက တင်ပို့တဲ့ ဒီဇယ်ဆီတွေ ရောက်ရှိ လာဖို့ ပျက်ကွက်နေတာနဲ့အမျှ သယ်ယူပို့ဆောင်ရေး သမဂ္ဂတွေက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ခဲ့ ကြပါတယ်။
လောင်စာဆီ တင်သွင်းမှုဆိုင်ရာ အခက်အခဲကို ဖြေရှင်းဖို့ သမ္မတ လူးဝစ္စအာဆီအစိုးရအပေါ် ဖိအား ပေးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ဘိုလီးဗီးယားဟာ ပြည်တွင်းဝယ်လိုအားပြည့်မီဖို့ လိုအပ်တဲ့ ဓာတ်ဆီရဲ့ တစ်ဝက်ကို နှစ်စဉ်ဒေါ်လာ သန်း ၈၀၀ ဖိုးလောက် အကုန်အကျခံ တင်သွင်းနေရပါတယ်။ ဒီဇယ်လိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အဓိကအားဖြင့် တခြား တောင်အမေရိကနိုင်ငံတွေက တင်သွင်းနေရပါတယ်။