တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရာမှာ အလုပ်အတူတွဲလုပ်ဖို့ စိတ်အားထက်သန်ပါကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ကို လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ရှိတ်ခ် ဟာစီနာနဲ့ တွေ့ဆုံရာမှာ သမ္မတရှီက အခုလို မှတ်ချက်ပြုပြောဆိုခဲ့တာပါ။

တောင်အာရှဒေသနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ ဖွံ့ဖြိုးရေးနဲ့ ကြွယ်၀ချမ်းသာရေးကို ပံ့ပိုးဖို့အတွက် တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အတူ အလုပ်လုပ်သွားမှာဖြစ်တယ်လို့ တွေ့ဆုံဆွေးနွေးမှုမှာ ရှီက ထည့်ပြောသွားခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာကလည်း သူ့ရဲ့ အဝါမီလိဂ် ပါတီ လေးကြိမ်မြောက် ရွေးကောက်ပွဲ ဆက်တိုက်ရပြီးတဲ့နောက် တရုတ်က အားပေးထောက်ခံ နေတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြား သွားခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ ရှိတ်ခ်ဟာစီနာဟာ သမ္မတရှီ အပြင် ဝန်ကြီးချုပ် လီကျန်းနဲ့လည်း တွေ့ဆုံမယ်လို့လည်း မျှော်မှန်းရပါတယ်။