ယူကရိန်းသမ္မတဇယ်လန်းစကီးဟာ ဧပြီလ ၂၃ ရက် လန်ဒန်မြို့မှာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမယ်ဆိုတဲ့အကြောင်း ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်တွေ လန်ဒန်မှာ စီစဉ်နေပါပြီလို့ ဇယ်လန်းစကီးက ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာနဲ့ ဖုန်းပြောအပြီးမှာ ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ X မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ စစ်မှန်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို ထူထောင်ဖို့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အရင်ကလိုပဲ ဆောင်ကြဉ်းနိုင်အောင် တတ်နိုင်သမျှ အပြုသဘောဆောင်ပြီး ရှေ့ဆက်သွားမှာပါလို့လည်း ဇယ်လန်းစကီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် သူနဲ့စတာမာဟာ ဥရောပလုံခြုံရေးအခင်းအကျင်းနဲ့အညီ ပူးတွဲလုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တဲ့အကြောင်းကိုလည်း ဇယ်လန်းစကီးက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။