ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က လက်ယာစွန်းတွေ ဆန္ဒဖော်ထုတ်မယ့် အစီအစဉ်ကို တန်ပြန်တဲ့ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို လူထောင်ပေါင်းများစွာ စုရုံးပြီး ပြုလုပ်ခဲ့ကြပါတယ်။ လက်ယာစွန်းတွေကို တန်ပြန်တဲ့ အဲဒီဆန္ဒဖော်ထုတ်ပွဲအနီးမှာ ရဲလုံခြုံရေး အင်အားအများအပြား ချထားခဲ့ပါတယ်။
တန်ပြန်ဆန္ဒဖော်ထုတ်သူတွေ ဟာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အလံတွေကို ပြင်ဆင်နေကြတာကိုလည်း တွေ့ရပါတယ်။
ဗြိတိန်နိုင်ငံမှာ တေလာဆွစ်ဖ်ဖျော်ဖြေပွဲအနီး ကလေးငယ်တွေ ဓားထိုးသတ်ဖြတ်ခံမှုနောက်ပိုင်း အကြမ်းဖက်ဆန္ဒဖော်ထုတ်မှုတွေ ပြီးခဲ့တဲ့ အပတ်ကစပြီး ပေါ်ပေါက်နေရာမှာ အဲဒီအကြမ်းဖက် ဆန္ဒဖော်ထုတ်မှုတွေကို တန်ပြန်တဲ့ လူးမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေလည်း လစ်ဗာပူးလ် ၊ နယူးကာဆယ် ၊ ဘရိုက်တန် စတဲ့ မြို့တွေမှာ အပြိုင် ပေါ်ပေါက်လာနေပါတယ်။
ဒီလို နှစ်ဖက်အုပ်စုကြား အပြိုင်ဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်လာလို့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ခြေ မြင့်မားနေချိန်မှာ ဗြိတိန်ရဲတပ်ဖွဲ့အကြီးအကဲ မာ့ခ် ရိုလေးက လူမှုအသိုင်း အဝန်း အားလုံးကို အကာအကွယ်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။