ဗြိတိန်နိုင်ငံ ဆော့သ်ပို့အရပ်က အကသင်တန်းတစ်ခုမှာ ဓားနဲ့တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၃ ယောက် သေဆုံးပြီးနောက် ဆန္ဒထုတ်ဖော်မှုတွေဟာ ဒုတိယညအဖြစ် ဇူလိုင် ၃၁ ရက်မှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
လန်ဒန်က ဝန်ကြီးချုပ်ရုံးနဲ့ နေအိမ်တည်ရှိရာ ဒေါင်းနင်းလမ်းအနီးမှာ ဆန္ဒထုတ်ဖော်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒေါင်းနင်းလမ်းထဲ မီးရှူးမီးပန်း ပစ်လွှတ်ခဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက်က ဓားထိုးမှုဖြစ်ပွားခဲ့တဲ့ ဆော့သ်ပို့မှာ နောက်ထပ်ပြဿနာတွေ မဖြစ်အောင် ရဲတပ်ဖွဲ့က ကြိုးပမ်းနေပါတယ်။
အင်္ဂါနေ့ ညက ဆန္ဒထုတ်ဖော်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ ရဲ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အသက် ၆ နှစ်ကနေ ၁၁ နှစ်ကလေးတွေအတွက် နွေရာသီ တေလာဆွစ်စတိုင် ယောဂနဲ့ အကသင်တန်းမှာ မိန်းကလေးငယ်သုံးယောက်သေဆုံးပြီး ငါးဦး ဒဏ်ရာပြင်းထန်စေတဲ့ ဓားနဲ့တိုက်ခိုက်တဲ့အတွက် အသက် (၁၇) နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ စွဲချက်တင်ထားပါတယ်။