ဂျာမနီကားကုမ္ပဏီ ဗောက်စ်ဝက်ဂွန်ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း မာတင် ဝင်တားကွန်းကို လိမ်လည်မှုစွဲချက် အရ စက်တင်ဘာ ၃ ရက်က တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
ဗောက်စ်ဝက်ဂွန် ဒီဇယ်သုံးကား တွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိပြီးနောက် ၉ နှစ်အကြာမှာ ဝင်တားကွန်းဟာ တရားရုံးမှာ ထွက်ပေါ်လာတာပါ။

ဒီဇယ်ဂိတ်လို့ တင်စားကြ တဲ့ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး လိမ်လည်မှုစွဲချက်အရ ဝင်တားကွန်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ဗောက်စ် ဝက်ဂွန်ရဲ့ စီအီးအိုရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။
သန်းပေါင်းများစွာသော ဗောက်စ်ဝက်ဂွန်ကားတွေအပေါ် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းတွေ ပြည့်မီစေဖို့ ကြိုးကိုင်ခြယ်လှယ်ခဲ့တယ်ဆိုတဲ့ ကုမ္ပဏီရဲ့ သမိုင်းမှာ အကြီး မားဆုံး အရှုပ်တော်ပုံရဲ့ ခေါင်းဆောင်အဖြစ် ဝင်တားကွန်း စွပ်စွဲခံခဲ့ရပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဝင်တား ကွန်းအတွက် စက်တင်ဘာ ၃ ရက်ဟာ ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှု စတင်ချိန်ဖြစ်ပြီး ငါးနှစ်ကျော်ကြာ အမှုတည်ဆောက်မှုရဲ့ နိဂုံးအချိန်လည်း ဖြစ်ပါတယ်။
ကားထုတ်လုပ်သူဟာ သူ့ရဲ့ နာမည်ကြီးအမှတ်တံဆိပ် ဗောက်စ်ဝက်ဂွန်ကို ထိန်းထားနိုင်ဖို့ ဘဏ္ဍာငွေ ယူရိုဘီလီယံပေါင်းများစွာ ရှာဖွေနေရပြီး အနာဂတ်အတွက် မေးခွန်းထုတ်စရာဖြစ်လာချိန်မှာ ရုံးထုတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။