ထိုင်းနိုင်ငံတောင်ပိုင်း နာခွန်စီသမ်ရတ်ပြည်နယ်(Nakhon Si Thammarat)ရှိ Wat Phra Mahathat Woramahawihan ဗုဒ္ဓဘာသာဘုရားကျောင်းကို ယူနက်စကို(UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။ Wat Phra Mahathat Woramahawihan ဗုဒ္ဓဘာသာဘုရားကျောင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ကမ္ပည်းထိုးပြီး အမည်စာရင်းတင်သွင်းဖို အဆိုပြုချက်ကို လာမယ့် သီတင်းပတ်အတွင်းမှာ ထိုင်းအစိုးရအဖွဲ့က အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ စံချိန်စံနှုန်း တွေ ပြည့်မီပြီး ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်စင်တာကနေ ဖေဖော်ဝါရီ ၁ ရက်မှာ အတည်ပြုချက် နောက်ဆုံး ရယူရမှာဖြစ်ပြီး သမိုင်းဝင် ဗိမာန်တော်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ထိုင်း အစိုးရက မျှော်လင့်ထား တာလည်းဖြစ်ပါတယ်။အမည်စာရင်းတင်သွင်းတဲ့နေရာတွေထဲမှာ သမိုင်းဝင် Wat Phra Mahathat Woramahawihan ဗုဒ္ဓဘာသာ ဘုရားကျောင်း ပရဝဏ်တစ်ခုလုံးပါဝင်ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ရေရှည် တည်မြဲစေတဲ့ အချက်အချာနေရာအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

Wat Phra Mahathat Woramahawihan ဗုဒ္ဓဘာသာဘုရားကျောင်းဟာ ဗြဟ္မာ-ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနဲ့ ထေရဝါဒဗုဒ္ဓဘာသာ ဖလှယ်ခြင်းကို ရောနှောကိုယ်စားပြုထားတာကြောင့် ထင်ရှားကျော်ကြားတာလည်း ဖြစ်ပါတယ်။အဲဒီ ဘုရားကျောင်းဟာ နှစ်ပေါင်း ၁၅၀၀ တိုင်တိုင် စဉ်ဆက်မပြတ် တည်ရှိလာခဲ့တာဖြစ်ပြီး မတူညီကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အချက်အချာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ယဉ်ကျးမှု ရောစပ်မှုက မြင့်မြတ်မှုနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေအကြား နက်ရှိုင်းတဲ့ ချိတ်ဆက်မှု ကို ထင်ဟပ်ပြသနေတာလည်း ဖြစ်ပါတယ်။