ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖယ်ဒရယ်အစိုးရရှေ့နေချုပ် ရာထူးနေရာမှာ ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ပန်းဘွန်ဒီကို အဆိုပြုခန့်အပ်လိုက်ပါတယ်။ ဒါဟာ ဖယ်ဒရယ်အစိုးရ ရှေ့နေချုပ်အဖြစ် အရင်က အဆိုပြုခဲ့သူ မတ်ဂတ်(ဇ်)က အဲဒီရာထူးနေရာကနေ နုတ်ထွက်သွားတဲ့နောက် အဲဒီနေ့ ကြာသပတေးနေ့ နေညပိုင်းမှာပဲ ပန်းဘွန်ဒီကို အဆိုပြုခန့်အပ်လိုက်တာပါ။
ဟိုအရင်ကတည်းက ပါတီစွဲမကင်းတဲ့ တရားရေးဌာနကို လက်နက်သဖွယ် အသုံးချပြီး သူနဲ့တခြား ရီပတ်ဘလီ ကန်တွေအပေါ် တိုက်ခိုက်မှုတွေရှိခဲ့ ကြောင်း ထရမ့်က သူ့ရဲ့ Truth Social မီဒီယာမှာ ပြောပါတယ်။ အခု အဆို ပြုခန့်အပ်တဲ့ ပန်း ဟာ တရားရေးဌာန ကို မူလရည်မှန်းချက်ဖြစ်တဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးနဲ့ အမေရိကားကို ပြန်ပြီး လုံခြုံဘေးကင်းရေးအပေါ် ပြန်လည် အာရုံစူးစိုက်စေမှာဖြစ်ကြောင်းလည်း အဲဒီပို့စ်မှာ ထရမ့်က ပြော ကြားခဲ့ပါတယ်။