ဇူလိုင်လ ရွေးကောက်ပွဲမှာ သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဗင်နီဇွဲလား အတိုက်အခံ ကိုယ်စားလှယ်ဟောင်း အက်မွန်ဒို ဂွန်ဇာလက်ဟာ နိုင်ငံက ထွက်ခွာသွားပြီလို့ ဒုသမ္မတက စက်တင်ဘာ (၇) ရက်ညက ပြောခဲ့ပါတယ်။
အင်စတာဂရမ်ပေါ်က ပို့စ်တစ်ခုမှာ ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ဂွန်ဇာလက်ဇ်ဟာ ခိုလှုံခွင့်တောင်းခံထားတဲ့ စပိန်သံရုံးက ထွက်ခွာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကပါ ထွက်ခွာသွားခဲ့ပြီလို့ ပြောခဲ့တာပါ။
စပိန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဂွန်ဇာလက်ဇ်ဟာ စပိန်လေတပ်လေယာဉ်နဲ့ စပိန်နိုင်ငံကို သွားရောက်နေတယ်လို့ X လူမှုကွန်ရက်ပို့စ်မှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခြောက်ဦး ခိုလှုံနေကြတဲ့ ဘရာဇီးသံရုံးကို စီမံခန့်ခွဲမှု အပါအဝင် အာဂျင်တီးနားကို ကိုယ်စားခွင့်ပြုခွင့်ပါ စနေနေ့က ရုပ်သိမ်းလိုက်ပြီလို့ ဗင်နီဇွဲလား အစိုးရက ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားဟာ ဇူလိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲမှာ မဲရလဒ် အငြင်းပွားခဲ့ပြီးနောက် အာဂျင်တီးနားနဲ့ ဆက်ဆံရေး ပြတ်တောက်ခဲ့ပါတယ်။
ဘရာဇီးဟာလည်း ကိုလံဘီယာနဲ့ မက္ကဆီကိုတို့လိုပဲ ဗင်နီဇွဲလားအစိုးရကို မဲရလဒ်အပြည့်အစုံ ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
ဗင်နီဇွဲလားဘက်က ထုတ်ပြန်မှုမရှိဘဲ မာဒူရိုဟာ တတိယအကြိမ်မြောက် ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။