လိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲရလဒ် အငြင်းပွားမှုနဲ့ပတ်သက်လို့ အတိုက်အခံညွန့်ပေါင်းအဖွဲ့ဆီက သက်သေအထောက်အထားတွေ မရရှိခဲ့ဘဲ အနိုင်ရသူကို အဆုံးအဖြတ်ပေးရာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်မယ်လို့ ဗင်နီဇွဲလားတရားရုံးချုပ်က သတိပေးခဲ့ပါတယ်။
သမ္မတ နီကိုလပ်စ်မာဒူရိုကို သစ္စာခံ တယ်လို့ အတိုက်အခံတွေက စွပ်စွဲထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲမှာ မာဒူရို ပြန်လည်အနိုင် ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အတိုက်အခံတွေက သူတို့ကိုယ်စားလှယ်လောင်း အက်မွန်ဒို ဂွန်ဇာလက် အနိုင်ရတယ်လို့ ပြောဆိုပြီး ငြင်းခုံနေကြတာပါ။
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ မဲရေတွက်မှု အသေးစိတ်ကို ထုတ်ပြန်တာ မရှိသေးဘဲ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ကို ဇူလိုင် ၂၉ ရက် အစောပိုင်းကတည်းက ပိတ်ထားခဲ့ပါတယ်။
မာဒူရိုက ရွေးကောက်ပွဲ ရလဒ်တွေကို အတည်ပြုဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးချုပ်ကို တင်သွင်းထားပြီး ရွေးချယ်ခံကိုယ်စားလှယ်လောင်းအားလုံးကို တရားရုံးချုပ်က ဆင့်ခေါ်ထားပါတယ်။
ဂွန်ဇာလက် က အဖမ်းခံရနိုင်ခြေအန္တရာယ်ကြောင့် သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
မဲရေတွက်မှု အသေးစိတ် အချက် အလက်တွေကို လူသိရှင်ကြားတင်ပြဖို့ ဘရာဇီး၊ ကိုလံဘီယာနဲ့ မက္ကဆီကိုနိုင်ငံတွေက ကြာသပတေးနေ့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တခြားလက်တင်အမေရိကနိုင်ငံတွေအပြင် အမေရိကန်က လည်း မာဒူရိုရဲ့အနိုင်ရမှုကို ပယ်ချခဲ့ပါတယ်။
မာဒူရိုရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။