ဗင်နီဇွဲလားနိုင်ငံ သမ္မတရွေးကောက်ပွဲ မတိုင်မီ ဇူလိုင် ၂၆ ရက်က ဗင်နီဇွဲလား အမျိုးသားရွေးကောက်ပွဲကောင်စီရဲ့ အဆောက်အအုံတွေနဲ့ မဲရုံတွေဆီကို ဖိတ်ကြားထားတဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ လာရောက် လည်ပတ်ခဲ့ကြပါတယ်။

ဖိတ်ကြားထားတဲ့ စောင့်ကြည့်လေ့လာသူတွေနဲ့ ရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ အဲလ်ဗစ် အမိုရိုဆို တို့ မဲရုံတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မေလမှာ ဗင်နီဇွဲလားဟာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ ဥရောပသမဂ္ဂထံ ဖိတ်ကြားချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက်လို့ အကြောင်းပြပြီး ဒါဟာ နိုင့်ထက်စီးနင်း လုပ်နေတာလို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်အခြေစိုက် ကာတာစင်တာက ကိုယ်စားလှယ်တွေ အပါအဝင် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စောင့်ကြည့်မယ်လို့ ဗင်နီဇွဲလားရှေ့နေချုပ် တာရက်ဆက်ဘ်က အခုသီတင်းပတ်အတွင်း ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဗင်နီဇွဲလားရွေးကောက်ပွဲကို မသမာမှုအဖြစ် အမေရိကန်က သတ်မှတ်ထားပြီး အာဏာရထားတဲ့ သမ္မတ မာဒူရိုဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ဘယ်လိုယှဉ်ပြိုင်မယ်ဆိုတာ မသေချာမရေရာမှုတွေ ရှိနေပါသေးတယ်။