အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့ အရှေ့မြောက်ပိုင်းရှိ ကုန်တိုက်တစ်ခုအနီးမှာ လူနှစ်ဦးထက်မနည်းတင်ဆောင်လာတဲ့ ဂျက်လေယာဉ်တစ်စင်း ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ပျက်ကျမှုခဲ့ကြောင်း NBC သတင်းမှာဖော်ပြထားပါတယ်။

အခုလက်ရှိမှာ သက်ဆိုင်ရာအာဏာပိုင်တွေက လေယာဉ်ပျက်မှုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေပြီး လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ မသိသေးဘူးလို့ Federal Aviation Administration(FAA) ကထုတ်ပြန်ထားပါတယ်။Learjet 55 ဂျက်လေယာဉ်ဟာ Philadelphia လေဆိပ် ကနေ Missouri ရှိ Springfield-Branson အမျိုးသားလေဆိပ်ကို ထွက်ခွာလာစဉ်မှာ အခုလို ပျက်ကျခဲ့တာဖြစ်တယ်လို့ FAA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

လေယာဉ်ပေါ်မှာ FAA မှတာဝန်ရှိသူ ၂ ဦးအပါအဝင်စုစုပေါင်း လူခြောက်ဦးလိုက်ပါစီးနင်းသွားခဲ့တယ်လို့ အမေရိကန်အခြေပြု ပို့ဆောင်ရေးဝန်ကြီး Sean Duffyက အတည်ပြုထားပါတယ်။လေယာဉ်ပျက်ကျချိန် ညနေ ၆း၃၀ နာရီဝန်းကျင်မတိုင်ခင်မှာ တိမ်အသင့်အတင့်ရှိပြီး မိုးအနည်းငယ်ရွာသွန်းနေကာ တစ်နာရီ လေတိုက်နှုန်း မိုင် ၂၀ ကနေ ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ကြောင်း Philadelphia အမျိုးသားမိုးလေဝသဌာနရဲ့ အချက်အလက်အရ သိရပါတယ်။