ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန် ကင်းထောက်လေယာဉ်တစ်စင်း ကြာသပတေးနေ့ မနက်ပိုင်းမှာ ပျက်ကျသွားခဲ့ရာ မှာ လေယာဉ်ဝန်ထမ်း (၄)ယောက် သေဆုံးသွားပါတယ်။ အဲဒီလေယာဉ်ဟာ မာဂွင်ဒါနာအို ဒဲလ် ဆူးရ် ဆိုတဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ပျက်ကျခဲ့တာလို အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

သတင်းဓာတ်ပုံတွေမှာ ဘိချ်ခရပ်(ဖ်) ကင်းအဲ ၃၅၀ အမျိုးအစား လေယာဉ်ဟာ စပါးခင်း တစ်ခုထဲ ပျက်နေတာကို တွေ့ရပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေထဲမှာ တစ်ယောက်က အမေရိကန် မရိန်းတပ်သား ဖြစ်ပြီး ကျန်တဲ့ (၃)ယောက်ကတော့ အမေရိကန်နိုင်ငံသား ကာကွယ်ရေးကန်ထရိုက်လုပ်ငန်းက လူတွေလို ပြောပါတယ်။

အဲဒီ တာဘိုအင်ဂျင်နှစ်လုံးတပ် ကင်းထောက်လေယာဉ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဖိလစ်ပိုင် နိုင်ငံရဲ့ ပန်ကြားချက်အရ ထောက်လှမ်းရေးလုပ်ငန်း ဆောင်ရွက်ဖိုအတွက် စာချုပ်နဲ့ ငှားရမ်း ထားတဲ့ယာဉ်ဖြစ်ပါ တယ်။ လေယာဉ်ပျက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လိုလည်း အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ပြောပါတယ်။