ဖလော်ရီဒါပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းထန်နေချိန် တော်နေဒိုး လေဆင်နှာမောင်း အမြွှာတစ်ခု ထွက်ပေါ်လာတာကို ပမ်းဘိချ် ရဲဌာနက သောကြာနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အခုလို တွေ့ရပါ တယ်။
တစ်ခါတစ်ရံမှာ ဘေးကင်းတဲ့ တစ်နေရာကနေ အခုလို စိတ်ဝင်စားစရာကောင်းတဲ့ ရာသီဥတုဖြစ်စဉ်တွေ ကို ကံကောင်းထောက်မစွာနဲ့ ကြည့်ရှုခွင့်ရခဲ့ကြောင်း ဗီဒီယိုမှာ စာတန်းထိုး ရေးသားထားပါတယ်။
ရာသီဥတု ဖြစ်စဉ်ကြောင့် ရေကြောင်းသွားလာမှုဆိုင်ရာ သတိပေးချက်တွေနဲ့ ရေကြီးရေလျှံမှု သတိပေးချက်ကို တမ်းပါး ပင်လယ်အော်ဒေသ(Tampa Bay) မိုးလေဝသဌာနကနေ ထုတ်ပြန်ထားပါတယ်။