ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇန်နဝါရီ(၂၀)ရက် ကျမ်းသစ္စာ မကျိန်ဆိုခင် ကျောင်းတွေကို အရောက် ပြန်လာကြဖို့ အမေရိကန်တက္ကသိုလ်က ပြည်ပကျောင်းသားတွေကို အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်အသိ ပေးနေပါတယ်။

ဒါဟာ ရွေးကောက်ခံသမ္မတ ထရမ့်ရဲ့ အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့ရေး အစီအစဉ်ကြောင့် စိုးရိမ်ပူပန်မှုတွေ မြင်တက်နေချိန်မှာ အမေရိကန် တက္ကသိုလ်တွေက အသိပေး လမ်းညွှန်ချက်တွေ ထုတ်ပြန်လာတာပါ။ ကော်လို ရာဒို ဒန်ဗာ တက္ကသိုလ်က ပါမောက္ခတစ်ယောက်က အခု ပြည်ပကျောင်းသား အားလုံးဟာ စိုးရိမ်ပူပန်နေကြ တယ်လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

အမေရိကန် အဆင့်မြင့်ပညာရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ အမေရိကန်ပြည်တွင်းမှာ အထောက်အထား မခိုင် လုံတဲ့ ကျောင်းသားပေါင်း (၄)သိန်းလောက်ဟာ တက္ကသိုလ် ကောလိပ်တွေမှာ ပညာသင်နေတယ်လို့ ဆိုပါတယ်။ ရီပတ်ဘလီကန်ရွေးကောက်ခံ သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ အကူအညီကိုပါ ရယူသွား မယ်လို့ ကြွေးကြော်ထားပါတယ်။