ကိုယ်ရေးကိုယ်တာထိန်းချုပ်မှုကိရိယာတစ်မျိုးဖြစ်တဲ့ App Tracking Transparency (ATT) နဲ့ပတ်သက်ပြီး Apple ကုမ္ပဏီဟာ ပြင်သစ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဒဏ်ရိုက်ခံရဖွယ်ရှိကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

iPhone အသုံးပြုသူတွေအတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်တဲ့ ဘယ်လို အက်ပလီကေးရှင်းတွေကိုမဆို ထိန်းချုပ်နိုင်တဲ့ ATT အင်္ဂါရပ်ဟာ ဒစ်ဂျစ်တယ်ကြော်ငြာတွေနဲ့ မိုဘိုင်းဂိမ်းကုမ္ပဏီ တွေကြားမှာ ငြင်းခုံစရာတစ်ခု ဖြစ်လာပါတယ်။ အဲဒီဝန်ဆောင်မှုဟာ Apple ကုမ္ပဏီရဲ့ ပလပ်ဖောင်းတွေကနေ တစ်ဆင့် ကြော်ငြာခနဲ့ ကုန်ကျစရိတ်ကို တိုးမြင့်စေတယ်ဆိုပြီး သုံးစွဲသူတွေကြားမှာ အငြင်းပွားစရာတစ်ခု ဖြစ်နေ တာပါ။

ဒါ့ကြောင့်လည်း ပြင်သစ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နည်းပညာကုမ္ပဏီကြီး Apple ကို ဈေးကွက် လွှမ်းမိုးမှု အပြင် အခြားနည်းပညာပိုင်းဆိုင်ရာတွေမှာလည်း လက်ဝါးကြီးအုပ် အလွဲသုံးစားလုပ်မှာကို စိုးရိမ်နေကြတာဖြစ်ပါ တယ်။ ပြင်သစ်ကကောက်ခံမယ့် ဒဏ်ကြေးငွေဟာ Apple ကုမ္ပဏီ တစ်နှစ်တာဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ATT ကို ဆန့်ကျင်တဲ့ ပထမဆုံး ဗီတိုအာဏာကို အသုံးပြုပြီး Apple ကုမ္ပဏီကို ဒဏ်ရိုက်သွားမှာဖြစ်တယ်လို့လည်း ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။