ပြင်သစ်နိုင်ငံရဲ့လက်ယာစွန်းပါတီ National Rally ကို ဆန့်ကျင်တဲ့ စုဝေးချီတက်ပွဲတစ်ရပ်ကို ဇွန်လ ၂၃ ရက်က ပဲရစ်မြို့မှာ ကျင်းပခဲ့ရာ အမျိုးသမီးအခွင့်အရေးအုပ်စုတွေက အများစုပါဝင်ပြီး ဆန္ဒထုတ်ဖော်သူ ထောင်နဲ့ချီ ချီတက်ခဲ့ကြပါတယ်။
လက်ယာစွန်းလှုပ်ရှားမှုတချို့က အာဏာရယူချင်နေပြီး အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးတွေကို လက်လွတ်မခံချင်တဲ့အတွက် ပါဝင်ဆန္ဒထုတ်ဖော်တာလို့ ဘီနီဒစ်တီ ဘလန်ချက်ဆိုတဲ့ အမျိုးသမီးက ဆန္ဒထုတ်ဖော်ပွဲမတိုင်ခင် ပြောဆိုခဲ့ပါတယ်။
National Rally ပါတီ အာဏာရလာရင် မျိုးပွားမှု အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ LGBT+ အသိုင်းအဝိုင်းတွေ ကျဆင်းသွားလိမ့်မယ်လို့ ငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖော်ပွဲအတွင်း ပါဝင်သူတွေက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ကောက်ယူထားတဲ့ သဘောထားစစ်တမ်းတွေအရ National Rally ဟာ ရွေးကောက်ပွဲမှာ မဲရဖို့ ရှေ့ဆုံးက ဦးဆောင်နေပါတယ်။
ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲတွေကို ဇွန်လ ၃၀ ရက်နဲ့ ဇူလိုင် ၇ ရက်တွေမှာ နှစ်ကျော့တိုင်တိုင် ကျင်းပမှာဖြစ်ပါတယ်။