၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ လက်တင်အမေရိကရှိ ကာလရှည် သာသနာပြု တစ်ယောက်ဖြစ်တဲ့ ကာဒီနယ်ရောဘတ်ပရီဗို့စ်ကို ပုပ် လီယို ၁၄ ဘွဲ့နဲ့ ရွေးချယ်လိုက်တယ်လို့ အမြင့်ဆုံးအဆင့် ကာဒီနယ်တယောက်ဖြစ်တဲ့ ဒိုမစ်နစ် မန်ဘာတီ က ကြေညာခဲ့တာပါ။

ပီရူးနိုင်ငံမှာ ကာလရှည် သာသနာပြုခဲ့တာကြောင့် ပီရူးနိုင်ငံသားပါဖြစ်နေတဲ့ ပုပ်ရဟန်းမင်းအသစ်ဟာ လီယို ၁၄ ဆိုတဲ့ ဘွဲ့တော်ကို ခံယူမှာ ဖြစ်ပါတယ်။စစ္စတင်းခါပယ်လ်မီးခိုးခေါင်းတိုင်ကနေ မီးခိုးဖြူတွေ လွင့်ထွက်ပြီးနောက် ကွယ်လွန်ခဲ့တဲ့ ဖရန်စစ် ဆက်ခံသူအဖြစ် ကာဒီနယ် ရွေးကောက်ပွဲဝင် ၁၃၃ ယောက်မြောက်ဖြစ်တဲ့ ရောဘတ်ပရီဗို့စ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဆစ်စတင်း ဘုရားကျောင်းအတွင်း ကာဒီနယ်ကြီးတွေ လျှို့ဝှက်မဲခွဲမှု ဒုတိယမြောက်နေ့မှာပဲ ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်နိုင်ခဲ့တာပါ။

သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန် နိုင်ငံသားတယောက် ဖြစ်ပေမဲ့ ပီရူးက သာသနာပြုလုပ်ငန်းတွေမှာပဲ နစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရောဘတ်ပရီဗို့စ် ကို ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး ဖြစ်လာတဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ “ ဘယ်လောက်ထိ စိတ်လှုပ်ရှားစရာကောင်းပြီး ငါတို့နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းသလဲ၊ ဒါဟာ အလွန်အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တစ်ခုလို့ ထရမ့်က ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။