ပိုလန်နိုင်ငံတောင်ပိုင်းက ကျောက်မီးသွေး မိုင်းတွင်းတစ်ခုမှာ မြေငလျင် အသေစားလှုပ်ခတ်မှု အရှိန်ကြောင့် တွင်းပြိုပြီး ပိတ်နေခဲ့သူ မိုင်းလုပ်သား (၇၆)ယောက်ကို အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ကယ်ထုတ်နိုင်ခဲ့ ပါတယ်။

တွင်းထဲမှာ မိုင်းလုပ်သား နှစ်ယောက် ပိတ်မိနေဆဲဖြစ်တယ်လို့ တွင်းကို ပိုင်ဆိုင်တဲ့ (PGG) လုပ်ငန်းက ပြောပါတယ်။

ဆက်ပိတ်မိနေဆဲဖြစ်တဲ့ မိုင်းလုပ်သားနှစ်ယောက်ရဲ့ တည်နေရာကိုလည်း တွေ့ရှိထားပြီး ကယ်ဆယ်ရေးအဖွဲ့ (၁၁)က ကယ်ဆယ်ရေးသမားတွေကတော့ သူတို့ရှိတဲ့နေရာကို ရောက်အောင် သွားဖို့ ကြိုးစားနေကြပါတယ်။

မြေပြင်ပေါ်ကို ပြန်ကယ်ထုတ်ထားနိုင်တဲ့ မိုင်းလုပ်သား (၇၀)ကျော်ထဲက ၁၇ ယောက်ကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုပေးထားပြီး အဲဒီထဲကတစ်ယောက်က ပြင်းထန်ဒဏ်ရာ ရထားတယ် လို့ PGG ရဲ့ စီအီးအိုက ပြောပါတယ်။