ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ကက်ပီတိုလ် ခရီးစဉ်အတွင်း ပါတီ၀င် လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံရာမှာ ပါတီတွင်း စည်းလုံးညီညွတ်မှုကို အဓိက အလေးပေး ပြောဆိုသွားခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ အမေရိကန် သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပါတီတွင်း ညီညွတ်မှု တည်ဆောက်ဖို့အတွက် ကြာသပတေး နေ့က ဝါရှင်တန် ဒီစီမြို့တော် ကွန်ဂရက်လွှတ်တော် တည်ရှိရာ ကက်ပီတိုလ် အဆောက်အအုံကို သွားရောက်ခဲ့ တာပါ။
ရီပတ်ဘလီကန်တွေကလည်း လာမဲ့ ရွေးကောက်ပွဲမှာ ထရမ့်အနေနဲ့ ဘိုင်ဒန်ကို အနိုင်ယူပြီး အောက်လွှတ် တော်အတွင်းက လက်ရှိရရှိထားတဲ့ လူအများစုအနေအထားနဲ့ ဒီမိုကရက်ထိန်းချုပ်တဲ့ ဆီးနိတ်အတွင်း ၅၁-၄၉ ဆိုတဲ့ အားမျှခြေကိုလည်း ဆက်လက် ထိန်းသိမ်းကာကွယ်သွားနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။