ပါကစ္စတန်နိုင်ငံ ချစ်ထရဲလ်ဒေသ ရှီရှီကော့တ် တောင်ကြားတစ်လျှောက်မှာ ရေလျှံကျလာလို့ တံတား တစ်စင်း ကျိုးပြီး ရေလျှံကျရာက လမ်းကြောင်းတစ်လျှောက်မှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီရေကြီးရေလျှံမှုက တောင်ကြားလွင်ပြင်ဒေသနဲ့ တခြားဒေသတွေကို ဆက်သွယ်ပေးတဲ့ တစ်ခု တည်းသော လမ်းမကြီးကိုလည်း ရေထဲ မြုပ်သွားစေခဲ့တဲ့အတွက် မြေပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပြတ်တောက်သွားစေခဲ့ပါတယ်။

ဒီအတွက် ဒေသခံတွေဟာ အရေးပေါ်ကူညီကယ်ဆယ်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။
အဲဒီရေကြီးမှုက ခိုင်ဘာ ပွတ်ရှ်တွန်ခွာ ကောက်ပဲသီးနှံ စိုက်ခင်းတွေနဲ့ လယ်မြေတွေကို ရေပေးဝေတဲ့ ဆည်တူးမြောင်းတွေ၊ ပိုက်လိုင်းတွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ပျက်စီးစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးရက်တာအတွင်းက ရေကြီးမှုတွေမှာလည်း သေဆုံးခဲ့သူ နှစ်ဒါဇင်ကျော်လောက်ရှိခဲ့ရာမှာ ကလေးငယ် ၁၂ ယောက် ပါဝင်ခဲ့ပါတယ်။