အကျဉ်းချထားခံရပြီးဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူကို ပါကစ္စတန် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၄နှစ်ကျော် သောကြာနေ့ကထပ်မံ ချမှတ်လိုက်ပါတယ်။ အကျင့်ပျက်ခြစားမှု နဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးတဲ့နောက်မှာ အခုလို စီရင်ချက် ချမှတ်တာလို့ ပါကစ္စတန် အရာရှိတွေ နဲ့ ရှေ့နေတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်းတို့ ဇနီးမောင်နှံဟာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး တစ်ယောက်ဆီကနေ လက်ဆောင်အဖြစ် မြေတစ်ကွက်ကို လက်ခံရယူပြီး အပြန်အလှန်အဖြစ် အဲဒီသူဌေးကြီးကို ငွေကြေးခဝါချခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ခန်းကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ ဝန်ကြီးချုပ် ရာထူးပြန်မထမ်းဆောင်နိုင်အောင် စွပ်စွဲတာလို့ ပြောပါတယ်။
ဝန်ကြီးချုပ် အီမရန်ခန်းဟာ ၂၀၂၂ ခုနှစ်မှာ အကျင့်ပျက်ခြစားမှု နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေမှု နဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတို့နဲ့ ရာထူးကနေ ဖယ်ရှားခံထားရတာဖြစ်ပါတယ်။