ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ပယ်မာကို (၂၀၃၃)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၁၃)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

ပယ်မာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စာချုပ်သစ်ချုပ်ဖို့အတွက် ချယ်လ်ဆီးအသင်းက ဆုံးဖြတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီအစကမှ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာတဲ့ ပယ်မာဟာ အသင်းကိုရောက်လာချိန်မှာ (၇)နှစ်စာချုပ် ချုပ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းနဲ့(၉)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ချိန်မှာ ပယ်မာရဲ့အသက်က (၂၂)နှစ်အရွယ်သာရှိသေးတာဖြစ်လို့ အသက်(၃၁)နှစ်အရွယ်ရောက်ချိန်ထိ ချယ်လ်ဆီး အသင်းနဲ့အတူ ကစားသွားရမှာလည်း ဖြစ်ပါတယ်။
ပယ်မာဟာ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၄၅)ပွဲကစားပေးခဲ့ပြီး (၂၅)ဂိုးသွင်းယူကာ (၁၅)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။