ပနားမားနိုင်ငံက အမေရိကန်ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ လုပ်တဲ့ နေရပ်ပြန်ပို့ရေးအစီအစဉ်အရ အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေကို မူရင်း အိန္ဒိယနိုင်ငံကို လေကြောင်းခရီးစဉ်နဲ့ သောကြာနေ့က ပြန်ပို့လိုက်ပါတယ်။
ဒါဟာ ပထမဆုံး မတူညီတဲ့ ကမ္ဘာတိုက်တွေကြား နေရပ်ပြန်ပို့တဲ့ လေယာဉ်ခရီးစဉ်ဖြစ်ပါတယ်။
အဲဒီ အိန္ဒိယရွှေ့ပြောင်း အယောက် (၁၃၀) ကို ပနာားမား ကွက်စတေး ပြည်နယ် ကနေ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီကို ပျံသန်းမဲ့ လေယာဉ်ပေါ်ကို ပနားမား အာဏာပိုင်တွေက တင်ပေးခဲ့ပါတယ်။
အမျိုးသား ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ ဝန်ဆောင်မှု အသင်း ညွှန်ကြားရေးမှူး ရော်ဂျာ မိုဂျီကာ က ပနားမားနိုင်ငံကို အလွန်ွှအန္တရာယ်များတဲ့ ဒါရီယန်း တောအုပ်လမ်းကြောင်းကနေ တစ်ဆင့် ရွှေ့ပြောင်းဒုက္ခသည် ၂၄၀၀၀၀ ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။
ပနားမားမှာ သမ္မတ ဂျို့စ် ရာအူးလ် မူလီနို တာဝန်ယူချိန်ကစပြီး ရွှေ့ပြောင်းဝင်ရောက်မှုဟာ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ မိုဂျီကာ က ပြောပါတယ်။