ရုရှားကို စစ်ရေးအကူအညီပေးပို့ခြင်းနဲ့ စစ်သည်တွေ စေလွှတ်ခြင်းအတွက် ရှုတ်ချသလို နျူကလီးယားလက်နက်၊ ဒုံးကျည်တွေ ထုတ်လုပ်ပိုင်ဆိုင်ထားခြင်းကို စွန့်လွှတ်ဖို့အတွက် G7 အဖွဲ့ တောင်းဆိုချက်ကို အလေးမထားဘဲ နျူကလီးယားလက်နက်တိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယား ဘက်က ထုတ်ပြန်လာတာကို NBC သတင်းမှာပါရှိပါတယ်။

နျူကလီးယားလက်နက် တွေကို မြောက်ကိုရီးယားက ပိုပြီး အရေအတွက်အရရော၊ အရည်အသွေးအရပါ တိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့က တုံ့ပြန်ပြောကြားလာတာဖြစ်ပါတယ်။

နျူကလီးယားပိုင်ဆိုင်မှုက အချုပ်အခြာအာ ဏာကို ကာကွယ်ပိုင်ခွင့်အတွက်သာ ဖြစ်သလို၊ အရေအတွက်၊ အရည်အသွေးပိုင်းအရပါ ပိုမိုတိုးမြှင့် ထုတ်လုပ်သွားမှာဖြစ်ပြီး နျူကလီးယားအဆင့်အတန်းကို ပြင်ပကမ္ဘာက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရည်မှန်းချက်ကို ပြောင်းလဲသွားမှာမဟုတ်ဖူးလို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA ကသတင်းထုတ်ပြန်ထားပါတယ်။