နော်ဝေအိမ်ရှေ့စံမင်းသမီးရဲ့ အသက်(၂၇)နှစ်အရွယ် သားဖြစ်သူကို နော်ဝေရဲတပ်ဖွဲ့က မုဒိမ်းမှု သံသယနဲ့ အင်္ဂါနေ့ က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူ မာရီယပ်စ် ဘော့ခ် ဟွေဘီ ဟာ သူ့ရဲ့မိခင်က အိမ်ရှေ့မင်းသား ဟားကွန်နဲ့ လက်မထပ်ခင်မှာ မွေးဖွားခဲ့တဲ့ သားဖြစ်ပြီး သူ့မိခင်ဟာ ၂၀၀၁ ခုနှစ်မှာ မင်းသမီးဖြစ်လာခဲ့ပါတယ်။ သူဟာ အကြောင်းတစ်စုံတစ်ရာကြောင့် လိင်ပိုင်းဆိုင်ရာ အပြုအမှုတွေကို ခုခံငြင်းဆန်ဖို့အတွက် မတတ်နိုင်တဲ့ လူတစ် ယောက်အပေါ် ပြစ်မှုကျူးလွန်မှုအတွက် ဖမ်းဆီးခံရတာလို့ နော်ဝေ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ ပြစ်မှုကျူးလွန်ခံရသူအပေါ်မှာ ကာမစပ်ယှက်မှုမမြောက်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ပြစ်မှုကျူးလွန်ခံရသူလို့ဆိုတဲ့ အဲဒီမျိုးသမီးဟာ အသက်(၂၀)နှစ်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဟွေဘီကို အခင်းဖြစ်တဲ့နေ့ မတိုင်ခင်ထိ လူချင်းမသိခဲ့ဘူးလို့ တရားလိုရှေ့နေ က ပြောပါတယ်။ သူဟာ ဟွေဘီနဲ့လည်း ချစ်ကြိုးသွယ်နေသူမဟုတ်ဘူးလို့ ပြောပါတယ်။
ဟွေဘီကို တနင်္လနေ့ ညပိုင်းမှာ ရဲက ဖမ်းဆီးပြီး အင်္ဂါနေ့ မနက်ပိုင်းမှာ ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို တခြားအမျိုးသမီး (၄)ယောက်နဲ့ အမျိုးသားတစ်ယောက်တို့အပေါ် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း စွဲချက်တင် ထားပါတယ်။ အဲဒီအမျိုးသမီးတွေထဲက (၃)ယောက်ဟာ သူနဲ့ သမီးရည်းစား တွေဖြစ်ပြီး အဲဒီသမီးရည်းစား ဆက်ဆံရေးမှာ အလွဲသုံးစားပြုမှုတွေ လုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာပါ။ အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖို့ ဟွေဘီက ခြိမ်းခြောက်ခဲ့တယ်လို့ နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။