ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်ရင် ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားလာတာကို CNN သတင်းမှာ ရေးသားထားပါတယ်။

ယူကရိန်းအတွက် ငြိမ်းချမ်းရေးအာမခံရင် နုတ်ထွက်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးလိုက်တဲ့အပေါ် ဇယ်လန်းစကီးက “တကယ်လို့ ယူကရိန်းအတွက် ငြိမ်းချမ်း ရေးကို အာမခံတယ်ဆိုရင်၊ နုတ်ထွက်ဖို့ တကယ်လိုအပ်ရင် ကျွန်တော် အဆင်သင့်ပါပဲလို့ ပြောကြားခဲ့တာပါ။

ယူကရိန်းသမ္မတက NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ငြင်းဆိုရင် ယူကရိန်းမှာရှိတဲ့ စစ်တပ် အရွယ်အစား နှစ်ဆ တိုးဖို့လည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ ရုရှားနဲ့အမေရိကန်အရာရှိတွေ ဆွေးနွေးပွဲအပြီး ညတွင်းချင်း မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရပြီးနောက် ရုရှားခေါင်းဆောင်တွေဟာ “ လိမ်လည်သူများ” ဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောကြားခဲ့ပါတယ်။