နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ဟာ တရားဝင်မှုမရှိဘူးဆိုပြီး ဒဏ်ခတ်ပိတ်ဆို့
အရေးယူဖို့ သမ္မတ အုပ်ချုပ်ရေး အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ (ICC)ဟာ အမေရိကားနဲ့ သူ့ရဲ့ အနီးကပ်ဆုံး မဟာမိတ် အစ္စရေးကို အခြေအမြစ်မရှိတဲ့ လုပ်ရပ်တွေနဲ့ ပစ်မှတ်ထားနေတယ် လိုလည်း ထရမ့်က ပြောပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ သမ္မတ အုပ်ချုပ်ရေးအမိန့်မှာ (ICC)ရဲ့ အမေရိ ကန်နိုင်ငံသားတွေနဲ့ မဟာမိတ် တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ကူညီသူတွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ ကို ဘဏ္ဍာရေးနဲ့ ဗီဇာကန့်သတ်မှု တွေ ချမှတ်တဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါဟာ ဝါရှင်တန် ဒီစီမြိုတော်ကို အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ခရီးစဉ်လာရောက်နေချိန်မှာ ထုတ်ပြန်လိုက်တဲ့ သမ္မတ အုပ်ချုပ်ရေး အမိန့် လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက (ICC)ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို ဂါဇာဒေသ စစ်ရာဇဝတ်မှု စွပ်စွဲ ချက်တွေအတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပြီး ဟားမာ့စ်တပ်မှူးတစ်ယောက်ကိုလည်း အလားတူ ဝရမ်းထုတ်ခဲ့ပါ တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ ရုံးအမိန့်စာမှာ သဟိတ်(ဂ်)အခြေစိုက် (ICC)ဟာ ဟားမာ့စ်နဲ့ အစ္စရေးကို တစ်ချိန်တည်းမှာ ဝရမ်းထုတ်ပြီး ကိုယ့်ကျင့်သိက္ခာပိုင်းမှာ တန်းတူထားတဲ့ ရှက်ဖွယ်ကောင်း တဲ့ လုပ်ရပ်ကို ဖန်တီးပြုလုပ်ခဲ့တယ်လို စွပ်စွဲထားပါတယ်။

သမ္မတအုပ်ချုပ်ရေး အမိန့်မှာလည်း (ICC)ရဲ့ လုပ်ရပ် တွေဟာ အမေရိကန်နိုင်ငံသားတွေအပေါ် စော်ကားနှောင့် ယှက်မှု၊ အလွဲသုံးစားခံရမှုနဲ့ ဖမ်းဆီးမှုတွေ ကြုံတွေ့ ရစေအောင် အန္တရာယ်ရှိတဲ့ ရှေ့ပြေး အခြေအနေတစ်ခုကို ဖန်တီးခဲ့တယ်လို ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ (ICC)အဖွဲဝင် မဟုတ်ဘဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ နိုင်ငံသားတွေအပေါ် (ICC)ရဲ့ တရားစီရင်ပိုင်ခွင့်ကို ထပ်ခါတလဲလဲ ပယ်ချထားပါတယ်။