နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ စက်တင်ဘာ ၈ ရက်က လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၈ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။
လောင်စာဆီ ထရပ်ကားဟာ ခရီးသွားတွေနဲ့ ကျွဲနွားတွေ တင်ဆောင်လာတဲ့ ထရပ်ကားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။
မတော်တဆမှုမှာ တခြားယာဉ်အများအပြားလည်း ထိခိုက်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်နီ အီဘရာဟမ်အဆိုအရ သေဆုံး သူ ၄၈ ယောက်ရှိခဲ့ပြီး တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းဖို့ ကြိုးပမ်းနေဆဲပဲလို့ ဆိုပါတယ်။
နိုင်ဂျီးရီးယားရဲ့ နိုင်ငံပိုင်ကုမ္ပဏီ NNPC Ltd ဟာ လွန်ခဲ့တဲ့အပတ်က ဓာတ်ဆီဈေးနှုန်း အနည်းဆုံး ၃၉ % မြှင့်တင်ခဲ့ပါတယ်။
ဒါဟာ တစ်နှစ်ကျော်အတွင်း ဒုတိယအကြိမ် လောင်စာဆီဈေးနှုန်း ကြီးကြီးမားမား မြင့်တက်စေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လောင်စာဆီ ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုင်ငံရဲ့ မြို့ကြီးတွေမှာ နာရီပေါင်း များစွာ ဆီဖြည့်ဖို့ တန်းစီနေရတဲ့ ကားတွေနဲ့ ယာဉ်မောင်းတွေကို တွေ့နေရပါတ