အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ တူလ်ကမ်မြို့က နာရ်ရှမ်ဒုက္ခသည်စခန်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ(၄)ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက အင်္ဂါနေ့က ပြောပါ တယ်။

အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နာရ်ရှမ်စခန်း အနီးတစ်ဝိုက်မှာ အကြမ်းဖက်သမားတွေက ဖောက်ခွဲရေးပစ္စည်းတွေ ဆင်နေချိန် သူတို့ရဲ့ ခိုအောင်းရာ နေရာတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ အောက်တိုဘာ(၇)ရက် ဟားမာ့စ်ရဲ့ နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုတွေ မပေါ်ပေါက်ခင်ကတည်းက အစ္စရေးစစ်တပ်က စီးနင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေခဲ့တာကြောင့် တင်းမာမှုတွေ ရှိနေခဲ့တာပါ။
အောက်တိုဘာ(၇)ရက်နေ့ နောက်ပိုင်း ဂါဇာစစ် ပေါ်ပေါက်ချိန် မှာတော့ အနောက်ဘက်ကမ်းဒေသထဲက တင်းမာမှုတွေဟာ အရင်ထက် ပိုမိုမြင့်တက်လာနေတာဖြစ်ပါတယ်။