New Orleans မြို့မှာ နှစ်သစ်ကူးနေ့က ကျင်းပခဲ့တဲ့ပွဲတော်အတွင်း လူ ၁၅ ယောက်ထက်မနည်း သေဆုံး ခဲ့တဲ့အမှုကို လူတစ်ယောက်တည်းက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ FBI တာဝန်ရှိသူတွေက ပြောကြား ထားတာကို ဒီဇင်ဘာလ ၃ ရက်က CNN သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားတစ်ယောက်က လူအများအပြားကို ထိခိုက်နာကျင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဗူးဗွန်လမ်းထဲကို ထရပ်ကားနဲ့ အမြန်မောင်းလာပြီး လူအုပ်ထဲကို အရှိန်နဲ့ ဝင်လာကြောင်း နယူးအော်လင်း ရဲမင်းကြီး အန်း ကာ့က်ပက်ထရစ်က ပြောပါတယ်။ အဲဒီလုပ်ရပ်ကြောင့် အနည်းဆုံး လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး တစ်ယောက်တည်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ FBI က ပြောကြားထားပါတယ်။

QUOTE အခုဖြစ်ရပ်ဟာ အကြမ်းဖက်မှု ဟုတ်မဟုတ် ပူးပေါင်း စစ်ဆေးနေကြောင်းလည်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ထား ပါတယ်။ နယူးအော်လင်းမှာ ဒီလောက်ဆိုးတဲ့ဖြစ်ရပ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့ အခင်းဖြစ်ပွားချိန်မှာ ပိတ်မိနေတဲ့ မျက်မြင်သက်သေတစ်ယောက်က ပြောပါတယ်။