အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ နိုက်ကလပ်တစ်ခု အပြင်ဘက်မှာ ဇန်နဝါရီလ ၁ ရက်နေ့က ပစ်ခတ် မှုအတွင်း လူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂျမေကာနိုင်ငံ၊ Queens မြို့ရှိ Amazura ဖျော်ဖြေပွဲခန်းမ အပြင်ဘက်မှာ ရပ်နေတဲ့ လူအုပ်ကို သေနတ်နဲ့ ပစ်ခတ်ကာ ကားဆီကို ထွက် ပြေးသွားကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအပြီး ကလပ်အပြင်ဘက်ရှိ လူသွားစင်္ကြံ တစ်လျှောက် အပျက်အစီးတွေနဲ့ အထောက်အထားတွေကို အမိအရ ရယူနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင် တွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၄ ယောက် တို့ကို ဆေးရုံကို အချိန်မီ ပို့ဆောင်ထားပြီး လက်ရှိမှာတော့ ပြန်လည်ကောင်းမွန်လာဖို့ အတတ်နိုင်ဆုံး ဆောင်ရွက် နေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။