ဒုက္ခသည်ခိုလှုံရေးမူဝါဒ ချမှတ်မှုနဲ့ ဆက်စပ်ပြီး နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ အရာရှိအများအပြားကို အမေရိကန်သမ္မတ ထရမ့်အစိုးရက တရားစွဲဆိုလိုက်ပါတယ်။ အဲဒီတရားစွဲဆိုမှုမှာ ပြည်နယ်ရှေ့နေချုပ် လတ်သီရှား ဂျိမ်းစ်ကိုလည်း တရားစွဲဆိုခံထားရတယ်လို့ ဖယ်ဒရယ် ရှေ့နေချုပ် ပန်ဘွန်ဒီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အဲဒီ ဒုက္ခသည်ခိုလှုံရေးမူဝါဒဟာ ဖယ်ဒရယ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အားထုတ်မှု တွေမှာ ပြည်နယ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်တဲ့ မူဝါဒဖြစ်ပါတယ်။ အခု တရားရေးဌာနဟာ ဌာန အသစ်ဖြစ်ပြီး အမေရိကန်ပြည်သူတွေ၊ နိုင်ငံသားတွေနဲ့ တရားမဝင်ရွှေ့ပြောင်းတွေရဲ့ လက်ချက်နဲ့ သားသမီး ဆုံးရှုံးခဲ့ရတဲ့ မိခင်တွေကို ကာကွယ်ပေးဖို့အတွက် ဆောင်ရွက်နေကြောင်း ဖယ်ဒရယ် ရှေ့နေချုပ် ပန်ဘွန်ဒီက ပြောပါတယ်။

အဲဒီလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး နယူးယောက်ပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်က ပြည်နယ်ရဲ့ ဥပဒေတွေဟာ နယူးယောက်နယ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားပြီး ပြည်နယ်အတွင်း နေထိုင်သူတွေရဲ့ ရပ်ရွာတွေဟာ ဥပဒေအောက်မှာ ဘေးကင်းလုံခြုံလျက်ရှိကြောင်း ပြောပါတယ်။ သူဟာ အမြဲတမ်း ပြည်နယ်ဥပဒေတွေကို ကာကွယ်ဖို့ အသင့်ရှိနေခဲ့သလို အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်းလည်း နယူးယောက်ပြည်နယ် ရှေ့နေချုပ် ဂျိမ်းစ်က တုံ့ပြန်ထားပါတယ်။