ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်နိုင်ငံ နဂါစကီမြို့အပေါ်ကို အဏုမြူဗုံးကြဲချခြင်း (၇၉)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို သောကြာနေ့က ကျင်းပပါတယ်။
အဲဒီနှစ်ပတ်လည် အထိမ်းအမှတ်ကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ နဂါစကီမြို့တော်ဝန် ရှီရို ဆူဇူကီးတို့ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ကြပါတယ်။
အခုနှစ် ကျင်းပတဲ့ နှစ်ပတ်လည်နေ့ကို ဂျပန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂိလတ်ဒ်ကိုဟန်ကို ဖိတ်ကြားခြင်းမရှိခဲ့လို့ အငြင်းပွားစရာဖြစ်ခဲ့ပြီး အဲဒီလို မဖိတ်ကြားတဲ့အပေါ်မှာ ဂျီ-၇ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ် သံကိုယ်စားလှယ်တွေကိုလည်း အဲဒီပွဲကို ဖိတ်ကြားခြင်း မရှိပါဘူး။
ဒုတိယကမ္ဘာစစ်ကာလတုန်းက အမေရိကန်လေတပ်ရဲ့ ဘီ-၂၉ အီနိုလာ ဂေး ဗုံးကြဲလေယာဉ်က ဟီရိုရှီးမားမြို့ ပေါ်ကို ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကြဲချပြီးတဲ့နောက် သုံးရက်အကြာမှာ နဂါစကီမြို့လည်း အလားတူ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအဏုမြူဗုံးကြဲချမှုနဲ့အတူ ဂျပန်နိုင်ငံဟာ မဟာမိတ်တပ်တွေထံ လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပါတယ်။