အမေရိကန်ဒုတိယသမ္မတ ကမာလာဟဲရစ်ကို ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှု အတွက် ပြည်ပရောက် ဒီမိုကရက်အုပ်စုတွေက ထောက်ခံကြပါတယ်။

အဲဒီလိုထောက်ခံရာမှာ ဂျာမနီရောက် ဒီမိုကရက်တစ်အုပ်စုလည်း အပါအဝင် ဖြစ်ပါတယ်။
အားလုံးစိတ်လှုပ်ရှားပြီး ခွန်အားတွေရနေကြကာ လူတွေ ပြန်အာရုံစိုက်လာတဲ့အတွက် အနိုင်ရဖို့ အခွင့်အရေး ရှိလာတယ်လို့ ပြည်ပရောက် ဒီမိုကရက် ဂျာမဏီအုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌ အမ်မလီလိုင်းစ်က ဘာလင်မြို့မှာ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပါတီတွင်း အတိုက်အခံတွေ ကြီးထွားလာခြင်းကြောင့် သူ ပြန်လည် ရွေးကောက်ခံဖို့ကို စွန့်လွှတ်ခဲ့တာပါ။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်က ဒေါ်နယ်ထရန့်ကို ယှဉ်ပြိုင်ဖို့ သမ္မတလောင်းအဖြစ် ဟဲရစ်ကို အမည်စာရင်းတင်သွင်းရာမှာ ပါဝင်ဖို့ လာမယ့်လမှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီညီလာခံမှာ ကိုယ်စားလှယ်တွေကို ဘိုင်ဒန်က တောင်းဆိုထားပါတယ်။

လူမည်းနဲ့ အာရှ-အမေရိကန်နွယ်ဖွား ဟဲရစ်ဟာ အမေရိကန်မဲဆန္ဒရှင်တွေအတွက် ထရမ့်နဲ့ လုံးလုံးလျားလျား ခြားနားတဲ့ မျိုးဆက်သစ်နဲ့ ယဉ်ကျေးမှု ပိုင်းခြားပြီး စုံလင်တောက်ပစွာ ပြောင်းလဲစေနိုင်တဲ့ခွန်အားကို ပေးအပ်မှာ ဖြစ်ပါတယ်။
ဟဲရစ် သမ္မတလောင်းဖြစ်နိုင်ခြေ တိုးမြင့်လာတာနဲ့အမျှ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးဆိုင်ရာမူဝါဒတွေကို ဘိုင်ဒန်နဲ့ ဟဲရစ်တို့ နီးကပ်စွာ ချိတ်ဆက်ပြီး ထရမ့်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။