ပါကစ္စတန်ဟာ အကျပ်အတည်းတွေကြားကနေ ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုကို မေလ ၅ ရက်က ပြုလုပ်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၂ ရက်က ကက်ရှ်မီးယားဒေသမှာ သေနတ်သမား တွေရဲ့ လက်ချက်နဲ့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား အခြေအနေတွေ တင်း မာလာနေတာပါ။

အိန္ဒိယကဘက်ကလည်း ပြည်နယ်အများအပြားမှာ လုံခြုံရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ညွှန်ကြား ထားပြီး ကက်ရှ်မီးယားဒေသမှာ အသေအပျောက်များတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေ က ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေကြပါတယ်။ ဒီပဋိပက္ခကြောင့် နှစ်နိုင်ငံက ကုန်းတွင်းနယ်နိမိတ်တွေ ပိတ်ထား ပြီး ကုန်သွယ်မှုကို ရပ်ဆိုင်းကာ ကက်ရှ်မီးယားနယ်စပ်တစ်လျှောက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု တွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ တင်းမာမှုတွေ ဆက်တိုက်မြင့်တက်နေတဲ့ကြားကပဲ ပါကစ္စတန်က အခုလို ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် ပဋိပက္ခ ပိုမိုကြီးထွားလာမှာကို နိုင်ငံတကာက စိုးရိမ်ပူပန်နေကြပါတယ်။